Archive for the ‘news’ Category

Mail4U is a Attack Site!

December 27, 2008
ဒီနေ့ http://www.mail4u.com.mm ကို မဆီမဆိုင် ရောက်သွားပါတယ်။ သုံးတဲ့ browser က Firefox 3.0.5 ပါ။ address bar မှာ http://www.mail4u.com.mm ဆိုပြီး Enter ခေါက်လိုက်ရော တိုက်ခိုက်နိုင်တဲ့ Website ဖြစ်ကြောင်း သတိပေးတဲ့အနေနဲ့ ဒါမျိုးကြီး ပေါ်လာတာပါပဲ။

mail4u.com.mm ဟာ သင့်ကွန်ပျူတာကိုတိုက်ခိုက်နိုင်တဲ့ Website တစ်ခုဖြစ်ပါတယ် ဒါကြောင့် Block လုပ်ထားတာပါဆိုပြီး Google က ပြောနေတာခင်ဗျ။ Google က mail4u.com.mm ကို ဘာကြောင့် block လုပ်တာလည်းဆိုတာ သိချင်ရင်တော့ အောက်မှာပေးထားတဲ့လင့်ခ်လေးကို နှိပ်ပြီး ဖတ်ကြည့်လိုက်ပါ။ ကဲ. mail4u သုံးနေတဲ့ အကိုတို့ အမတို့ ညီတို့ ညီမလေးတို့ရေ သတိသာထားနေပေတော့။

http://safebrowsing.clients.google.com/safebrowsing/diagnostic?client=Firefox&hl=en-US&site=http://www.mail4u.com.mm/

MPT မှ Proxy Server များပြောင်းလဲ

June 28, 2008

MPT နဲ့ net ချိတ်ဆတ်ထားတဲ့သူတွေအတွက် MPT က ကြေငြာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ Internet သုံးဖို့အတွက် Proxy Server address တွေ သုံးစရာမလိုတော့ပါဘူးတဲ့။ ဆိုလိုတာက အရင်တုန်းကဆိုရင် IE (or) Firefox မှာ Proxy Server ရဲ့ address ကို ထည့်ပေးထားရပါတယ်။ အခု အဲဒီလိုထည့်ထားစရာမလိုတော့ဘူးတဲ့။ သူတို့ ကြေငြာချက်ထဲမှာတော့ မြန်ဆန်ကောင်းမွန်တဲ့ အင်တာနက်ရရှိဖို့ ရည်ရွယ်တာပါဆိုပြီး ရေးထားတာပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ MPT နဲ့ ကိုယ်ပိုင် အင်တာနက်ချိတ်ထားသူများ အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ကြပါကုန်..

Instructions on how to turn-off proxy in Web browser

Internet Explorer

1. Open Internet Explorer.
2. Go to “Tools” menu and click on “Internet Options”. (Note: Dial-up customers, skip to Step-6)
3. Choose “Connections” tab and click on “LAN settings”.
4. Under “Proxy server” sub item, turn-off “Use a proxy server for your LAN”.
5. Press “OK’ button and “OK” button again the save the settings.
6. Choose “Connections” tab and double-click “BaganNet” dial-up name in “Dial-up and Virtual Private Network settings” window.
7. Under “Proxy server” sub item, turn-off “Use a proxy server for this connection”.
8. Press “OK’ button and “OK” button again the save the settings.

Mozilla Firefox

1. Open Mozilla Firefox.
2. Go to “Tools” menu and click on “Options”.
3. Choose “Advanced” tab and click on “Network” sub-tab.
4. Click on “Settings” under “Connections” sub item.
5. Turn on “Direct connection to the Internet” and click “OK”.
6. Click “OK” again to save the settings

မြန်မာဝီကီသုံးစွဲသူများ တွေ့ဆုံပွဲ

June 25, 2008

Wikipedia ဆိုသည်မှာ အင်တာနက်ပေါ်တွင် အခမဲ့ရယူနိုင်၊ သုံးစွဲနိုင်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ထိုအခမဲ့သုံးစွဲနိုင်သော ဘာသာစကားမျိုးစုံဖြင့် ကဏ္ဍစုံတွင် အမြဲမပြတ် ရေးသားသောကြောင့် ဖတ်ရှုသူများအနေဖြင့် ဗဟုသုတ များစွာရရှိသော ၀က်ဘ်ဆိုဒ်စုကြီး ဖြစ်ပါသည်။ ၀ီကီပီဒီယားကို စတင်လုပ်ဆောင်ပေးခဲ့သော Wikimedia Foundation သည် စွယ်စုံကျမ်းအပြင် သတင်းများ၊ စာအုပ်များ၊ အဘိဓာန်နှင့် အခြားသော အခမဲ့ယူနိုင်သည့် ဘာသာရပ်ကျွမ်းကျင်သူများ ပေါင်းစပ်လုပ်ကိုင်နိုင်သော အခြားကဏ္ဍများကိုပါ ဆက်လက်ကြိုးစားလုပ်ကိုင်လျက်ရှိပါသည်။
ဝီကီပီဒီးယားသည် အခမဲ့ဖတ်ရှုနိုင်သည်သာမက ၀င်ရောက်ရေးသား အသိပညာဖြန့်ဝေလိုပါကလည်း လွတ်လပ်စွာ ရေးသားနိုင်သော နေရာတစ်ခုဖြစ်ပါသည်။ အခြားသူများမှာ ရေးသားချက်များကို ၀င်ရောက်ဖြည့်စွက်ရေးသားခြင်း၊ မှန်ကန်သော အချက်များ ဖြည့်သွင်းခြင်းနှင့် မလိုအပ်သည်များကို ဖယ်ရှားခြင်းတို့ကို ကိုယ်တိုင်ဝင်ရောက် လုပ်ဆောင်နိုင်ပါသည်။
ဝီကီပီဒီးယားကို ယခုအခါ မြန်မာဘာသာစကားဖြင့် သုံးစွဲနိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပမှ မြန်မာကွန်ပျူတာပညာရှင်များမှ ကြိုးစားလုပ်ဆောင်ခဲ့ရာ my.wikipedia.org တွင် စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာ ၀ီကီပီဒီယားတွင် အချက်အလက်အလွန်နည်းသေးသော်လည်း စတင်ခဲ့ပြီးဖြစ်သောကြောင့် မြန်မာအင်တာနက်သုံးစွဲသူများသို့ မိတ်ဆတ်ပေးရန် လိုအပ်နေပါသည်။ မြန်မာဝီကီတွင် ရေးသားပါဝင်ကူညီလိုသူများကိုလည်း စတင်ရေးသားနိုင်ရန် မိတ်ဆတ်ပေးလိုပါသည်။ စိတ်ပါဝင်စားသူများမှ ၀ိုင်းဝန်းကူညီရေးသားခြင်းဖြင့်  ပိုမိုပြီးပြည့်စုံသော အခမဲ့လွတ်လပ်စွယ်စုံကျမ်းတစ်ခု ဖြစ်လာမည်ဟု ယူဆမိပါသည်။
ထို့ကြောင့် Solveware Solution မှ မြန်မာဝီကီပီဒီယား လုပ်ဆောင်နေမှုများ မိတ်ဆတ်အသိပေးနိုင်ရန်အတွက် မြန်မာဝီကီသုံးစွဲသူများတွေ့ဆုံပွဲ ကို ဇူလိုင်လ ၅ရက်နေ့တွင် မြန်မာအင်ဖိုတက် အခန်း၂၀၅တွင် ၉နာရီမှ ၁၁နာရီထိ ကျင်းပပြုလုပ်ပါမည်။ ထိုတွေ့ဆုံပွဲတွင် လက်ရှိမြန်မာဝီကီပီဒီယား၏ အခြေအနေ၊ လုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်မည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးနိုင်ပြီး သုံးစွဲသူများ၏ ဆနများနှင့် ကူညီလုပ်ဆောင်နိုင်မှုအခြေအနေများကို တင်ပြဆွေးနွေးနိုင်ပါသည်။ ဆွေးနွေးမည့် အကြောင်းအရာ အချက်အလက်မျုားပေးပို့လိုခြင်းနှင့် အသေးစိတ်အချက်အလက်များ မေးမြန်းလိုပါက Solveware Solution အခန်း ၂၊ အဆောင် ၄၊ မြန်မာ အင်ဖိုတက်၊ ဖုန်း 652291 Email: info@solvewaresolution.net သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တကယ်ကို ယူကြုံးမရဖြစ်ရပါတယ် ရတနာပုံရေ

February 26, 2008
ခါတိုင်းဆို မန္တလေးသွားသွားပြီး ကွန်ပျူတာဝယ်ပေးရတဲ့အခါ MICT Park ကိုသွားနေကြပါ။ လိုက်ဝယ်ခိုင်းတဲ့သူတွေလည်း Mandalay MICT Park ကိုကြည့်ပြီး သဘောကျတဲ့အကြောင်းပြောကြတဲ့အခါ ကိုယ်အနေနဲ့လည်း ဂုဏ်ယူလို့မဆုံးပါဘူး။ ဒီ MICT Park ဖြစ်လာဖို့ဆိုတာကလည်း လွယ်တာမှမဟုတ်ပဲ။ အခုတော့ ဘယ်သူ့ကြောင့်လဲဗျာ။ ဘယ်အရာတွေကြောင့်လဲ။ ကျွန်တော်တို့ တန်ဖိုးထားရတဲ့နေရာကြီး မီးလောင်ပျက်စီးသွားရပြီ။ တကယ့်ကို ယူကြုံးမရဖြစ်ရပါတယ်။ ဘယ်လိုစလောင်တယ်ဆိုတာလည်း မသိရသေးဘူး။ မြန်မာကွန်ပျူတာလောကက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်ထူထောင်ပေးကြပါဦး။ ကျွန်တော် စိုးရိမ်မိတဲ့နေရာကတော့ Active Multimedia ပါပဲ။ ခွေတွေများ ပါသွားသလာမသိဘူး။ ပါသွားရင်တော့ တကယ့်ကို နှမြောစရာပါပဲဗျာ။ ငွေကျပ် သန်းပေါင်းများစွာဆုံးရှုံးမယ်လို့ တွက်မိတာပဲ။ အဲဒီက ဆိုင်ခန်းပိုင်ရှင်တွေ အတွက်လည်း တကယ်စိတ်မကောင်းပါဘူးဗျာ။ တတ်နိုင်တဲ့ဘက်က ကူညီချင်ပေမဲ့ မဖြစ်နိုင်တော့လည်း စိတ်မကောင်းပါဘူးလို့ ပြောရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ။

Internet Bandwidth တွေတိုးလိုက်ပြီ

November 10, 2007
တလောကအင်တာနက်ဂျာနယ်မှာ MPTက bandwidth တွေတိုးလိုက်ပြီလို့ ဖတ်ရပါတယ်။ bandwidth ဆိုတာက လိုင်းအကျယ်ပါ။ အရင်တုန်းက 90 MB ရှိရာကနေ အခု 240 ကျော်ကျော်ထိ တိုးလိုက်ပြီတဲ့။ ဒီနှစ်ကုန်ရင် 1GB ထိ တိုးမယ်တဲ့။ ပြောတာပဲ။ ဘာပဲပြောပြော ၀မ်းသာပါတယ်။ အင်တာနက်သုံးရတာ ပိုမြန်လာတာပေါ့။