Archive for the ‘Antivirus’ Category

Kaspersky က မနိုင်တဲ့ Virus

July 31, 2008
Kapsersky က မသိတဲ့ Virus တွေကို တွေ့ရင် newvirus@kaspersky.com ကို အဲဒီ Virus ပို့လိုက်ပါ။ နောက်ထွက်တဲ့ Update မှာ အဲဒီ Virus ကို သိသွားပါလိမ့်မယ်။

လိုအပ်သူများ အားလုံးအတွက်ပါ

July 29, 2008
ဒီမနက် Stick တစ်ခုကို Kaspersky နဲ. Scan လုပ်တာ Svchost ကိုမိပါတယ်.သတ်လည်းသတ်နိုင်ပါတယ်(Stick ထဲက Svchost ကိုနော်) အဲ စက်ထဲဝင်ပြီးရင်တော့မပြောတတ်ဘူး ရမရ…

Kaspersky Keys BlackList ဖြစ်နေရင် အောက်က link ကို download လုပ်လိုက်ပါ။
ရက် (၂၀၀) ကျော်ရနိုင်ပါသေးတယ်..
http://littlenyi.googlepages.com/Keys-KAV7.rar

သူငယ်ချင်းကတော့အပေါ် link ကို Blood Screen နိုင်တယ်လို.ပြောပါတယ်။ အောက်တစ်ခုက ukaizer ပါ
http://littlenyi.googlepages.com/SmitfraudFix.exe
http://littlenyi.googlepages.com/KaiZeRKillerV1.8.rar

ဒီဟာကတော့တစ်ခါကြုံဖူးတဲ့ kavo, ckvo အုပ်စု killer ပါ။
http://littlenyi.googlepages.com/kavo_killer.zip

ဗိုင်းရပ်စ်ကိုက်ပြီးတော့ ကျန်ခဲ့တဲ့ ခြေရာလက်ရာတွေရှင်းဖို. taskmanager, folderoption စတာတွေဖော်ဖို.ပါ။ အကောင်ကိုအရင်သတ်ရပါမယ်။ မသေသေးရင်တော့သူတို.ကိုသုံးလည်း မထူးပါဘူး။
http://littlenyi.googlepages.com/NOD32RegistryRecovery-V11.1.exe
http://littlenyi.googlepages.com/rrt.exe

အမြဲတန်းပုံသေမမှတ်ပါနဲ. အဆင်ပြေသလိုသုံးပါ။ တစ်ခုခုထူးရင်လည်း ပြန်ပြောပေးပါ။

Fwd: svchost : scvhost : scvvhsot : ssvichosst

July 23, 2008
ကိုသူရိန်ရေ…

svchost နဲ.ပတ်သတ်ပြီး ကျွှန်တော်သိထားတာလေးတွေရေးချင်လို.ပါ။ ကြုံဖူးသလောက်တော့ Svchost မှာ Scvhost, Scvvhsot, Ssvichosst စသဖြင့်များစွာရှိပါတယ်။
(1)  ဒီထဲမှာတော့ ခု Blood Window လို.လူသိများနေတဲ့ svchost ကအဆိုးဆုံးပါ။ ဖြစ်ပုံကိုပြောပြပါမယ်။ တစ်ခုခုကို Click လုပ်လိုက်တာနဲ့ Screen တစ်ခုလုံး တစ်အောင့်ကြာအောင်နီရဲသွားမယ်။ Taskbar က Start Button ကပေါ်လိုက်ပျောက်လိုက်ဖြစ်နေမယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ. FolderOption, Task Manager, Registry Editor စတာတွေအားလုံး Disable ဖြစ်နေတတ်ပါတယ်။
ဒါဆိုသေချာပါပြီ….
ဘယ်လိုဆက်လုပ်မလဲ…..Restart ချပြီး Safe Mode နဲ.တက်ကြည့်မယ်။ ဖြစ်နေတုန်းဘဲ.. သုံးလို.ရတဲ့ Tools (eg. rrt, nod32 registry recovery, ravmon_virus_removal tools) လေးတွေနဲ. ပျောက်နေတာလေးတွေဖော်ကြည့်မယ်….ဟောပေါ်လာရင် Hidden Files လေးတွေဖော်ကြည့်၊ msconfig နဲ့ start up ထဲဝင်ကြည့်နဲ.တွေ.ပါပြီ svchost
… c:\windows\system32\Restore ထဲမှာပါ sound icon, တေးဂီတသင်ကေတလေးနဲ့….သူက system restore ကို Turn off လုပ်ထားလည်းဘဲရှိနေပါတယ်….ဖျက်ရင် သူနဲ့အတူရှိနေတတ်တဲ. data ဆိုတဲ.folder လေးကိုပါတွဲဖျက်လိုက်ပါ။ Registry entry ထဲလဲဝင်ဖျက်ပါ..
start up ထဲမှာ winomc ဆိုတဲ.နာမည်လေးနဲ.ပါ။ သတိထားရမှာက registry ထဲမှာ svchost တွေအများကြီးရှိပါတယ်။ ဒီလိုလဲဖျက်လိုက်ရော desktop ပေါ်က install
လုပ်ထားတဲ့ program icon တွေအားလုံးက folder နဲ့ sound icon ပုံတွေအားလုံးဖြစ်ကုန်ပါတယ် (eg. gtalk icon က googletalk icon မဟုတ်တော့ဘဲ folder ပေါ်မှာ sound icon ပုံလေးနဲ.ဖြစ်သွားပါတယ်) freedom တို. vzochat တို. အားလုံး အဲဒီပုံစံဖြစကုန်ပါတယ်… အဲ virus ကိုက်နေတဲ့ program icon အရေအတွက်နဲ့အညီ text file လေးတွေပါပေါ်လာပါတယ် .ဖွင့်ကြည့် ရင်အောက်ပါအတိုင်းတွေ.ရမှာပါ…အလွတ်မရလို.အတိအကျတော့တူမှာမဟုတ်ဘူး ဆိုလိုရင်းပေါ့..

this virus is from yangon, not from sg, myanmar computer student created this virus, it is my second attempt, first is happy birthday
virus.

icon တွေကိုယောင်လို.များသွားဖွင့်ရင်..blood screen ကြီးပြန်ပေါ်လာပြီး ဖော်ထားတဲ. ဟာလေးတွေအကုန်ပြန်ပျေက်ပြီး svchost ပြန် run နေပါလိမ့်မယ်..မနှိပ်ပါနဲ… program တွေပြန်သုံးချင်ရင်တော. (eg, gtalk ကို uninstall, reinstall လုပ်ရုံနဲ.မရပါဘူ… uninstall လုပ် program files အောက်က google folder ကို ဖျက်. ပြီး reinstall
ပြန်လုပ်မှရပါတယ)်..စက်ထဲရှိသမျှ program ထွေဒီပုံစံနဲ. install ပြန်လုပ်ဖို.ကမလွယ်ဘူးလေ။ ဒါနဲ.လိုတာလေးတွေလဲ ပြန် install လုပ်ပြီးစောင့်ကြည်.လိုက်တယ်…c:\ အောက်မှာလဲအများကြီးဘဲ. windows folder ဆို window.exe , programfiles ဆိုလည်း programfiles.exe နဲ.လျောက်ဖြစ်ကုန်တယ်…လက်လှမ်းမီသလောက်လိုက် ဖျက်ကြည်.ပေါ့..
ဒါနဲ.ငြိမ်သွားရော…ပြန်သုံးလို.ရရော…… sound icon ပုံပါတဲ့ folder လေးကိုထပ်မနှိပ်မိခင်အထိပေါ…ဒါနဲ.နောက်ဆုံးတော format ချလိုက်ရပါတယ်….  😛

နောက်ပိုင်းမှထပ်တွေ.လာရ စက်ထဲမှာ svchost တော့ရှိနေတယ်… blood screen တော့မဖြစ်ဘူး..folder တွေ .exe နဲ့ပွားမနေဘူး process ထဲမှာ current useraccount နဲ. svchost.exe ဆိုပြီး run နေတယ်. cpu usage က 100% လောက်ဖြစ်နေတယ် စက်လေးနေတယ် (itmen မှာဖတ်ဖူးတာက virus တွေဘယ်လောက်စွမ်းစွမ်း system process name တွေအတိုင်းလိုက် မrun နိုင်သေးဘူးလို.တွေ.မိသလိုဘဲ) အဲဒီ svchost (run with user account) ကို kill လုပ်လိုက်မှ cpu usage လည်းပြန်ကျသွားတယ် …သတ်ချင်ရင် system32\restore\ ထဲက svchost နဲ.data folder လေးကိုဖျက် registry entry , msconfig မှာဖျက်လိုက်ရင် ပျက်ပြီထင်တာ restart ချတော့ ပြန်တက်နေတုန်းဘဲ… နောက်မှ system 32 ထဲမှာ del.exe, dir.exe ဆိုပြီး
sound icon ပုံနဲ.အကောင်နှစ်ကောင်ကိုထပ်ဖျက်လိုက်တော့မှ အမြစ်ပြတ်သွားတော့တယ်….စမ်းကြည်.ပါလား…အဲ blood screen ဖြစ်နေတဲ့အချိန်မှာ အဲလိုလုပ်ရင် အဆင်ပြေမပြေတော့မသိဘူး…ထပ်မကြု့သေးလို…နောက်ပိုင်း customer တွေရဲ. stick တိုင်းလိုလိုမှာ svchost တွေပါလာတတ်တယ်…သတိထားပြီး explore
နဲ.ဖွင့် svchost နဲ. data ကိုဖျက်လိုက်ရင် ဘာမှ မဖြစ်တော့ဘူး..မသိလို. double click သွားနှိပ်မိရင်တော့ တိုင်ပတ်ပြီ… avg, nod32 နဲ.scan လုပ်ရင် မသိပါဘူး…kaspersky ကတော့ မိတယ် မသတ်နိုင်ဘူး skip လုပ်တယ်…

(၂) scvvhsot.exe ကတော့ တားမရ ဆီးမရအောင် folder ထဲ folder ၀င်ဆောက်ပြီးပွားတာ… newfolder.exe နဲ့တွဲတွေ.ရတယ်…nod32,, kaspersky နဲ.စစ်တယ်တွေ.တယ် သတ်တယ်.. နောက်နေ.တွေလည်းတွေ.တယ်လို.ထပ်ပြောနေတုန်းဘဲ.. အမြစ်ပြတ်ချင်ရင် u Kaizer.exe ဆိုတာလေးကောင်းတယ် download လုပ်ပြီး run လိုက်

ကဲ ကျွှန်တော်ရေးတဲ့ထဲမှာ မှားတာမှန်တာတွေရှိနိုင်ပါတယ်..လိုအပ်သလို edit လုပ်ပြီး itmen မှာ တင်ချင်တင်ပေးလိုက်ပါဗျာ.. အဲ svchost လိုချင်ရင်တော့
mail နဲ့ forward လုပ်ပေးလိုက်ပါမယ်။

IT Men said…
ကျေးဇူးအရမ်းတင်ပါတယ် littlenyi ရေ။ အခုလို အများအတွက် စိတ်ရှည်လက်ရှည် ကူညီပေးတာ ဂုဏ်ယူပါတယ်။ တစ်ခုတော့ စိတ်မကောင်းတာရှိတယ်ဗျာ။ ဒီဗိုင်းရပ်စ်က ရန်ကုန်ကွန်ပျူတာက ကျောင်းသားတွေလုပ်တာဆိုတော့ တွေးမိတယ်..သူများကို ဒုက္ခပေးရတာကို တော်တော်ပျော်နေကြသလားမသိဘူး။ လမ်းတွေလွဲနေကြပြီဗျာ။ အဲဒီကျောင်းသားတွေကို တစ်ခုတော့ ဒီကနေပြောချင်တယ်။ ပြည်သူတွေဆီက ရတဲ့အခွန်ငွေတွေနဲ့ တည်ဆောက်ထားတဲ့ ကွန်ပျူတာတက္ကသိုလ်ကြီးမှာတက်ပြီး ပြည်သူတွေကို ကျေးဇူးမကန်းနဲ့။

How to open *.docx, *.xlsx, *.pptx files without Microsoft Office 2007

July 5, 2008
Post From thinzar00.blogspot.com

MS Office 2007 မှာ file format အသစ်တွေ ပြောင်းသွားတာ သတိထားမိမှာပေါ့။
*.docx, *.xlsx, *.pptx file တွေကို microsoft office 2007 မရှိဘဲနဲ့ ဘယ်လို ဖွင့်မလဲ။ နည်းလမ်း နှစ်နည်း ရှိပါတယ်။

First method:

File Format Converter (Compatibility pack for MS office 2007) ကို ဒီမှာ download လုပ်ပြီး install လုပ်ပါ။ file size က 25MB လောက်ရှိတယ်။ install လုပ်ပြီးသွားရင်တော့ Word 2007 document (*.docx), Excel 2007 workbook (*.xlsx), Powerpoint 2007 presentation (*.pptx) တွေကို MS Office 2003 သုံးပြီး အရင်အတိုင်း ဖွင့်လို့ ရသွားပါပြီ။

Second method:
အကယ်လို့ ကိုယ်က အင်တာနက် မရှိတဲ့ နေရာမှာ ရောက်နေမယ်။ အထဲမှာ ပါတဲ့ content ကို အရေးတကြီး ကြည့်ချင်တယ်ဆိုရင် နောက်တစ်နည်းကို သုံးလို့ရပါတယ်။

Step 1: ဥပမာ file name က mynotes.docx ဆိုရင် right click > rename လုပ်ပြီး mynotes.zip လို့ပြောင်းလိုက်ပါ။
Step 2: zip file အနေနဲ့ ဖြစ်သွားပြီဆိုရင် folder ပေါ်မှာ right click လုပ်ပြီး Extract All လုပ်လိုက်ရင် အောက်ကလိုမျိုး file/folder တွေ ရလာလိမ့်မယ်။

Step 3: word ဆိုတဲ့ folder ထဲက document.xml ဆိုတဲ့ file ကို Microsoft Internet Explorer (သို့) Mozilla Firefox နဲ့ဖွင့်လိုက်ရင် XML code တွေ ကြားထဲကနေ content ရှာပြီး ဖတ်လို့ ရပါတယ်။ document ထဲမှာ ပုံတွေ ပါမယ်ဆိုရင်တော့ media ဆိုတဲ့ folder ထဲမှာ save လုပ်ထားပေးပါတယ်။

Excel 2007 Workbook (*.xlsx) နဲ့ powerpoint (*.pptx) တွေကိုလည်း ဒီနည်းအတိုင်း ဖွင့်လို့ ရပါတယ်။

ဒုတိယ နည်းက document ကို original format အတိုင်း ဖတ်လို့ ရမှာ မဟုတ်ပေမယ့် အရေးတကြီး လိုအပ်လာရင် သိထားသင့်တဲ့ နည်းတစ်ခုပါ။ Office 2007 ရဲ့ XML format တွေကိုပါ လေ့လာလို့ ရသွားတာပေါ့။

Svchost.exe Virus ကို နှိမ်နင်းနည်း

July 4, 2008

ကျွန်တော်ကတော့ မကြုံဘူးသေးဘူး။ ဒါပေမဲ့ တော်တော်များများက svchost.exe ဗိုင်းရပ်စ် အတော်လေးသောင်းကျန်းနေတယ်လို့ ပြောကြပါတယ်။ ဒီဘလော့ခ်လေးကို ခဏလာလည်တဲ့ ကိုမျက်လုံးက အဲဒီ svchost.exe ဗိုင်းရပ်ကို open source anitvirus တစ်ခုဖြစ်တဲ့ clamwin နဲ့ နှိမ်နင်းလို့ ရတယ်လို့ ပြောသွားပါတယ်။ အောက်မှာ ပေးထားတဲ့ link နဲ့ download လုပ်နိုင်ပါတယ်။

http://downloads.sourceforge.net/clamwin

Kaspersky Key

June 23, 2008

Kaspersky key အသစ်လေး တင်ပေးလိုက်ပါပြီ။ ၇ လပိုင်း ၁ ရက်နေ့ Update နဲ့တော့ Blacklist မဖြစ်ပါဘူး။
http://zawthureintun.googlepages.com/KAV7_20090417_025FEE1E.KEY

thG Trojan အား ဖယ်ရှားနည်း

June 19, 2008

အခုတစ်လော Memory Stick တွေမှာ thG.exe ဆိုတဲ့ ဖိုင်လေးတစ်ဖိုင် တွေ့နေရပါတယ်။ ဖျက်လို့လည်းမရဘူး။ ကျွန်တော့် ကွန်ပျူတာလေးလည်း Memory Stick တွေကနေတစ်ဆင့် ကူးပါလေရော။ Kaspersky က လုံးဝကို မသိဘူး။ ကျွန်တော်လည်း တော်တော်စိုးရိမ်သွားတာပေါ့။ ဒီကောင် ဘယ်လိုများ ဒုက္ခပေးမှာလဲဆိုပြီး စောင့်ကြည့်နေလိုက်တယ်။ ဘာမှတော့မဖြစ်ဘူး။ ဒါပေမဲ့ ကိုယ့်စက်ကို Stick ထိုးလိုက်တိုင်း အဲဒီကောင်လေးက ခုန်ကူးသွားတယ်။

thG  ဆိုတာ ဘာလဲ?
thG ဆိုတာ trojan horse Gallery ရဲ့ အတိုကောက်ပါ။ virae.org က ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ကိုယ့် Memory Stick မှာ thG ရှိမှန်း ဘယ်လိုသိနိုင်မလဲ?
Stick ကို ဖွင့်တဲ့အခါ wget.exe ဆိုတဲ့ဖိုင်လေး တွေ့လိမ့်မယ်။ My Computer မှာပေါ်တဲ့ Removable Disk icon ဟာ ခါတိုင်း icon ပုံမဟုတ်ဘဲ Hard Disk icon ပုံဖြစ်နေလိ့မ်မယ်။ ဖွင့်တဲ့အခါမှာလည်း တော်တော်လေးကြာမှ New Window နဲ့ ပွင့်လာလိမ့်မယ်။

ကိုယ့်စက်မှာ thG.exe ၀င်နေမှန်း ဘယ်လိုသိနိုင်မလဲ?
Task Manager ဖွင့်ကြည့်တဲ့အခါ thG.exe သို့မဟုတ် wget.exe သို့မဟုတ် wscript.exe ဆိုတာ run နေရတာကို တွေ့ရမယ်ဆိုရင်၊ ကွန်ပျူတာကို Memory Stick တပ်သုံးပြီး Safely Remove နဲ့ဖြုတ်တဲ့အခါ error တက်ပြီဆိုရင် ခင်ဗျားစက်မှာ  thG Trojan လေးဝင်နေတာ သေချာပြီပေါ့ဗျာ။

သူက ကွန်ပျူတာကို ဘယ်လိုဒုက္ခပေးသလဲ
ဘာမှတော့ မဖြစ်ပါဘူး။ အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာဆိုရင်တော့ Restart လုပ်တိုင်းလုပ်တိုင်း Desktop Background ပြောင်းပြောင်းသွားပါလိမ့်မယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်တဲ့ Stick မှန်သမျှထဲ ကူးသွားပါလိ့မ်မယ်။

ဘယ်လိုဖယ်ရှားမလဲ
လွယ်လွယ်လေးပါ။ ကွန်ပျူတာထဲမှာ ရှိနေတဲ့ thG ကိုဖယ်ရှားတဲ့ Program လေးကို ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ Double Click နှိပ် ဖွင့်လိုက်ရုံပါပဲ။ Flash Drive ထဲမှာရှိတဲ့ thG.exe ကို ဖယ်ရှားတဲ့ Program ကိုတော့ ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ ဖွင့်ပြီး run ပါ။

DVD ခွေတွေမှာ မြန်မာ Subtitle ပါလာ

June 10, 2008

အခုနောက်ပိုင်း ထွက်လာတဲ့ DVD9 နိုင်ငံခြားဇာတ်ကားခွေတွေမှာ မြန်မာ Subtitle တွေပါလာပါတယ်။ အများအားဖြင့် Diamond တံဆိပ်ခွေတွေမှာ ပါပါတယ်။ DVD Player က Remote နဲ့ Subtitle ပြောင်းတဲ့အခါ 1. English လို့ပါတယ်။ ပြီးတော့ 2 ဆိုပြီး ပါပါတယ်။ အဲဒါက Myanmar Subtitle ပါပဲ။ အရင်တုန်းကတော့ Movie ပေါ်မှာ စာတန်းတွေကို အသေထိုးထားပါတယ်။ အခုစနစ်ကတော့ မြန်မာ Subtitle ကိုရွေးမှ Subtitle ဖိုင်လေးကို ဖတ်ပြီး ပြပေးတာပါ။ ကျွန်တော့်အထင် အဲဒီ Subtile ဖိုင်လေးမှာ ဘယ်မိနစ်၊ ဘယ်စက္ကန့်မှာ ဘယ်စာတန်းထိုးပေးပါဆိုတဲ့ instruction တွေပါမယ်ထင်တာပါပဲ။ အင်္ဂလိပ် Subtitle လုပ်နည်းကတော့ အရင်တုန်းကတော့ တစ်ခါစမ်းဖူးပါတယ်။ အောင်မြင်တယ်။ အခု Myanmar Subtitle တွေ ဘယ်လိုလုပ်ထားသလဲဆိုတာကိုတော့ လေ့လာလိုက်ပါဦးမယ်။ ပြီးရင်တော့ ဒီ Blog မှာ လုပ်နည်း တင်ထားပေးမယ်လေ။

Kaspersky Key Blacklist ဖြစ်သူများအတွက်

May 27, 2008

အရင်တစ်ခါ ကျွန်တော်တင်ထားတဲ့ kaspersky key က blacklist ဖြစ်သွားပြီဆိုပြီး email များပို့၊ key အသစ်တောင်းကြသူများခင်ဗျား..
www.kavkiskey.com ကိုသွားပြီး key များကို ကြိုက်သလောက်သာ ယူကြပါတော့။

Happy Birthday Virus နှင့်တစ်ညတာ

March 24, 2008

Post From nyinyithanlwin.blogspot.com
ပြီးခဲ့တဲ့ကြာသပတေးနေ့ညက ဒီဗိုင်းရပ်စ် ဒုက္ခပေးတာနဲ့ အိပ်ချိန်တွေ အတော်လေး အခိုးခံလိုက်ရတယ်။ တော်သေးတာပေါ့.. သောကြာနေ့က Good Friday ဆိုတော့ စင်္ကာပူမှာ ရုံးပိတ်ရက်ဖြစ်နေပေလို့။ မဟုတ်ရင် ခွင့်ယူနေရဦးမယ်။ ဖြစ်ပုံက ဒီလို… အဲဒီနေ့ညက ဘောလုံးကန်နေတုန်း (စကားချပ်။ ညကြီးမင်းကြီး ချွေးသံတရွှဲရွှဲနှင့် ဘောလုံးကန်နေခြင်းမဟုတ်ပါ။ FIFA 2008 ဂိမ်းဆော့နေခြင်း ဖြစ်သည်။ ) မောက်စ် ဘယ်နား ရွှေ့ရွှေ့ Happy Birthday ဆိုတဲ့ စာတန်းလေးက ပေါ်ပေါ်လာတာကို သတိထားမိတယ်။ နေပါဦး.. အဲဒါက ဘာဖြစ်တာလဲပေါ့။ စဉ်းစားရင်းနဲ့ တလောက သတင်းတစ်ပုဒ်ဖတ်လိုက်ရတာကို သတိရမိသွားတယ်။ မြန်မာနိုင်ငံရှိ ကွန်ပျူတာ တချို့တွင် ဟက်ပီးဘက်ဒေးဗိုင်းရပ်စ်များ ၀င်နေတယ် ဆိုလား။ သေပြီဆရာ.. ။ ဒါဆို ကျွန်တော့် စက်ထဲ ဒီအကောင် ရောက်နေပြီပေါ့။ ဂိမ်းဆော့ရတာ အရှိန်ကို ပျက်တယ်။ သိမ်းစရာရှိတာလေး သိမ်းဆည်းပြီး ဂိမ်းဆော့တာရပ်… ဂူဂယ်လ်ကို အကူအညီတောင်း .. ဒီအကောင်ကို မောင်းထုတ်ဖို့ ပြင်ရတယ်။ ဖတ်ကြည့်တော့မှ ဒီအကောင်ရဲ့ ဒုက္ခပေးပုံတွေကို တွေ့လာတယ်။ NT Loader တွေ system command တွေကို ဖျက်ပစ်တယ်ဆိုပဲ။ NT Loader ကို ဖျက်လိုက်ရင် ၀င်းဒိုးမတတ်တော့ဘူးလေ။ ဒီတော့ ဒီအကောင်ကို မောင်းထုတ်ဖို့ Safe Mode ထဲ ၀င်မယ်ဆိုပြီး စက်ကို restart လဲ လုပ်ရော.. “NTLDR is missing.. Windows cannot start” တဲ့။ သွားပြီ.. ၀င်းဒိုး မတက်လာတော့ဘူး။

ကွန်ပျူတာက BIOS Setup မှာ Boot Sequence ဆိုတာ ရှိတယ်။ အဲဒါက ခပ်လွယ်လွယ်ပြောရရင် စီဒီကို အရင်ဖတ်မလား Hard Disk Drive ကို အရင်ဖတ်မလားဆိုပြီး ညွှန်ကြားချက်ပေးထားရတာပါ။ NT Loader ကို ၀င်းဒိုးစီဒီထဲကနေ စက်ထဲ ပြန်ကူးထည့်ဖို့အတွက် စီဒီကို အရင် Boot လုပ်ဖို့ ၀င်ပြင်မယ်ဆိုပြီး BIOS ထဲဝင်ဖို့ ကြိုးစားပါတယ်။ F2 ကို နှိပ်ပါဆိုတော့ နှိပ်လိုက်တာနဲ့ login screen က ရုတ်တရက် ပေါ်လာတယ်။ ဆိုင်ကနေ မ၀ယ်ခင်တုန်းက BIOS password ကို ဘယ်သကောင့်သား လက်ဆော့ပြီး လျှောက်ထည့်ထားမှန်း မသိပါဘူး။ ကဲ.. တစ်ပူပေါ် နှစ်ပူဆင့်ပြီ။ ဗိုင်းရပ်စ်ကို မောင်းရမှာ တစ်လုပ်။ BIOS ထဲ ၀င်ဖို့ လုပ်ရမှာက
တစ်လုပ်ဖြစ်နေပြီ။ အကောင်းပကတိရှိတဲ့ နောက်စက်တစ်လုံးကနေ ဂူဂယ်လ်ကို အပူကပ်ရပြန်ပြီပေါ့။ သူက ကျွန်တော့်မှာ ရှိတဲ့ BIOS အမျိုးအစားမှာ ပေးလေ့ပေးထရှိတဲ့ default password တွေကို ရှာပေးတယ်။ အဲဒါတွေနဲ့ ကြိုးစားဝင်လည်း မရပါဘူး။ ၀ရန်တီကျန်သေးလား မကျန်သေးဘူးလား မသိ။ ဆိုင်ကို ပြန်ပို့ ရရင်လည်း ကြာဦးမယ်။ အလုပ်လည်း ရှုပ်တယ်။ ဘာလုပ်မလဲ.. ဘယ်လိုကျော်ဝင်မလဲဆိုတဲ့ နည်းကို အသည်းအသန်လိုက်ရှာတော့ BIOS Reset လုပ်လို့ ရတယ်ဆိုတဲ့ နည်းကို သွားတွေ့တယ်။ မဆိုးဘူး။ အဲဒီ နည်းကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆယ်တန်းအောင်ကာစက ကွန်ပျူတာသင်တန်းမှာ ဆရာသင်ပေးတုန်းကတော့ တစ်ခါနှစ်ခါ လုပ်ဖူးတယ်။ အဲဒီတုန်းကတော့ Desktop PC ပါ။ အဲဒီတုန်းကတော့ CMOS ဘက်ထရီကို ဖြုတ်။ မီး အဖွင့်အပိတ်လုပ်ပြီး CMOS ဘက်ထရီပြန်တပ်တာနဲ့ BIOS password reset လုပ်ပြီးသားပဲ။ အခုက Laptop ကို လုပ်ရမှာ ဆိုတော့ လုပ်ရမှာ နည်းနည်း လက်တွန့်တယ်။ ၀ယ်ကတည်းက ခုထိ တစ်ခါဆို တစ်ခါမှတောင် ဖွင့်ဖူးတာ မဟုတ်ဘူးလေ။ မထူးပါဘူး။ စက်ကိုဖွင့်ကြည့်ပြီး လုပ်မှကို ဖြစ်တော့မှာဆိုပြီး ရင်တမမနဲ့ ဖွင့်လိုက်တယ်။ ကဲ.. တွေ့ပြီ။ အခုက CMOS ဘက်ထရီကို ဆွဲဖြုတ်လို့ မရဘူး။ တိပ်တွေနဲ့
ပတ်ထားတယ်။ BIOS Connector လို့ ခေါ်တဲ့ CMOS Battery ကို ဆက်ထားတဲ့ ကွန်နက်တာ တစ်ခုကို ဖြုတ်ပြီး ပြန်တပ်ရမယ်လို့ ဂူဂယ်လ်က ပြောထားတော့ သူပြောတဲ့အတိုင်း လုပ်ကြည့်လိုက်တယ်။ ပြီးတော့ စက်ကို restart ပြန်လုပ်တယ်။ မရဘူး.. password တောင်းနေတုန်းပဲ။ ဘာလုပ်ကြည့်ရင် ကောင်းမလဲ။ ဆားဗစ်ပလပ်စ်က ညီတစ်ယောက်ကို ဂျီတော့ခ်မှာ တွေ့တာနဲ့ BIOS ထဲ ဘယ်လိုကျော်ဝင်ရမလဲ မေးကြည့်လိုက်သေးတယ်။ သူက default BIOS password တွေ ရှာပေးပြန်တယ်။ အားလုံး ကြိုးစားပြီးပြီ။ မရဘူးလို့ ပြန်ပြောလိုက်ရတယ်။ ဂူဂယ်လ်ကို မွှေနှောက်ကြည့်ရင်း ဖိုရမ်တစ်ခုမှာ BIOS connector ကို ခဏ ဖြုတ်ရုံနဲ့ မရဘူး။ မိနစ် နှစ်ဆယ်လောက်မှ ရတယ်ဆိုလို့ စမ်းကြည့်ဦးမှပဲဆိုပြီး ပြန်စမ်းကြည့်တယ်။ ၅မိနစ်.. ၁၀ မိနစ်.. ၁၅မိနစ်… ဟာ .. စိတ်မရှည်တော့ဘူး.. ၁၅ မိနစ်လောက်ဆို ရကောင်းပါရဲ့ ဆိုပြီး BIOS connector ကို ပြန်တပ်။ စက်ကို ပြန်ဖွင့်ကြည့်လိုက်တော့ အိုကေသွားပြီ။ တစ်ရန်တော့ ငြိမ်းပြီ။ ဘာအတားအဆီးမှ မရှိတော့။ တယ်ဟုတ်ပါလား။ မြန်မာပြည်က deadlock တွေကို အဲဒီလိုသာ ရှင်းလို့ရရင် လွှတ်ကောင်းပဲဗျာ။

BIOS Setup ထဲ ၀င်လို့ ရသွားပြီဆိုတော့ Boot Sequence ကို စီဒီကနေ Boot လုပ်ဖို့ ပြင်လိုက်တယ်။ ပြီးတော့ ၀င်းဒိုး စီဒီလေးထည့်ပြီး Boot လုပ်တယ်။ ပြီးတော့ Repair Mode ထဲ ၀င်လိုက်တယ်။ Administrator password လာတောင်းတယ်။ ဘာမှ မထည့်ဘဲ Enter နှိပ်လိုက်တော့ ၀င်သွားတာပါပဲ။ (စကားချပ်။ အိမ်သုံးကွန်ပျူတာအတော်များများမှာ administrator password ပေးထားလေ့ မရှိကြဘူး။) အဲဒီမှာ DOS Prompt ပေါ်လာပြီ။ ဒီ Command (“copy D:\i386\ntldr C:\”) ပေးပြီး NT Loader ကို ကူးခိုင်းလိုက်တယ်။ စီဒီကို ထုတ်.. စက်ကို restart လုပ်လိုက်တော့ Windows is loading ဆိုတာကို စိတ်ချမ်းသာစရာ တွေ့ရတော့တာပဲ။ ကဲ.. ၀င်းဒိုးထဲ
ပြန်ရောက်ပြီဆိုတာနဲ့ ဗိုင်းရပ်စ်အစုတ်အပြတ်ကို မောင်းထုတ်ဖို့ ပြင်ရပြန်ရော။ CTRL-ALT-DEL ကို နှိပ်ပြီး process ဆိုတဲ့ အထဲကို ၀င်ကြည့်လိုက်တာနဲ့ ဒီဗိုင်းရပ်စ် ၀င်နေခြင်းရဲ့ သင်္ကေတဖြစ်တဲ့ “explorcr.exe” ဆိုတာကို တွေ့တော့တာပဲ။ အဲဒါကို ချက်ချင်း End process လုပ်ပစ်လိုက်တယ်။ system command တွေကို ဖြတ်ပစ်လိုက်တဲ့အတွက် Registry ထဲ ၀င်ကြည့်ဖို့ ကြိုးစားတဲ့အခါ ၀င်လို့ မရတော့ဘူး။ အဲဒါကို ဖြေရှင်းဖို့ Nod32 ဆိုတဲ့ registry recovery tool တစ်ခုကို ဒီကနေ
ဒေါင်းလုပ် လုပ်လိုက်တယ်။ .Compress ဖိုင်ကို .zip လို့ နာမည်ပြောင်းပြီးတော့ Unzip လုပ်.. .exc လို့ ပေးထားတဲ့ ဖိုင်ကို … .exe လို့ နာမည်ပြောင်း လုပ်.. အဲဒီ ပရိုဂရမ်လေးကို သွင်းလိုက်တော့မှ Registry ထဲ ၀င်လို့ ထွက်လို့ ရသွားတယ်။ ဗိုင်းရပ်စ်မောင်းထုတ်ခြင်း လမ်းပြမြေပုံအရကတော့ အတော့်ကို ခရီးရောက်နေပါပြီ။

My Computer ကို Right Click နှိပ်ပြီး Properties ထဲကို ၀င်လိုက်တယ်။ အဲဒီမှာ “System Restore” ဆိုတဲ့ Tab ထဲကို ၀င်တယ်။ Turn off system restore on all drives ဆိုတာကို ရွေးလိုက်တယ်။ မဟုတ်ရင် ကိုယ်က ဗိုင်းရပ်စ်ကို မောင်းထုတ်လိုက်လည်း သူ့ဟာသူ restore လုပ်ပြီး ပြန်ပြန်ဝင်နေရော။ ကဲ.. ကာကွယ်ရေး လုပ်ငန်းစဉ်တွေ အားလုံး ပြီးသွားတဲ့အချိန်မှာ တိုက်ခိုက်ရေးလုပ်ငန်းစဉ်အရ စက်ကို restart လုပ်တယ်။ BIOS Checking ပြီးတာနဲ့ ၀င်းဒိုးမတက်လာခင် F8 ကို နှိပ်လိုက်တဲ့အခါ options တွေ တက်လာတယ်။ အဲဒီထဲကနေ Safe Mode ဆိုတာကို ရွေးလိုက်တဲ့အခါ Safe Mode ထဲကို ရောက်သွားပါတယ်။ ဒီဗိုင်းရပ်စ် ခွေးပြေးဝက်ပြေး ပြေးဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ စောစောက လုပ်ခဲ့သလိုပဲ CTRL-ALT-DEL ကို နှိပ်ပြီး process ဆိုတဲ့ အထဲကို ၀င်ကြည့်လိုက်တာနဲ့ ဒီဗိုင်းရပ်စ်
ဝင်နေခြင်းရဲ့ သင်္ကေတဖြစ်တဲ့ “explorcr.exe” ဆိုတာကို တွေ့နေပါသေးတယ်။ အဲဒါနဲ့ End process လုပ်လိုက်ပါတယ်။ ပြီးတော့ C:\Windows\system32 အောက်မှာ ရှိတဲ့ explorcr.exe ဆိုတဲ့ ဖိုင်ကို ရှာပြီး ဖျက်ပစ်လိုက်တယ်။ Registry ထဲ ၀င်ပြီး Search မှာ explorcr.exe ဆိုတာကို ရိုက်ထည့်ကာ ရှာလို့ တွေ့သမျှ Key တွေကိုလည်း ဖျက်ပစ်လိုက်ပါတယ်။ အားလုံးရှင်းပြီဆိုရင်တော့ ကိစ္စငြိမ်းပါပြီ။ စက်ကို restart လုပ်ကြည့်ပြီး ၀င်းဒိုးတက်လာပြီဆိုတာနဲ့ CTRL-ALT-DEL ကို နှိပ်ကြည့်ပြီး နောက်ကွယ်မှာ Run နေတဲ့ process တွေထဲမှာ “explorcr.exe” ဆိုတဲ့ “explorer.exe” ကို ပုံမှား ရိုက်ထားတဲ့ ဖိုင်မရှိတော့ဘူး ဆိုရင် ဒီဗိုင်းရပ်စ်ကိစ္စတုံးပါပြီ။

ကျွန်တော့်သူငယ်ချင်း ကိုဖြိုးကတော့ သူ့စက်မှာ ဒီဗိုင်းရပ်စ်ဝင်တုန်းက စက်ကို တခါတည်း format ချပြီး ၀င်းဒိုး ပြန်သွင်းလိုက်ပါတယ် တဲ့.. ဟဲဟဲ.. ကျွန်တော့်လို အပင်ပန်း မခံလိုသူတွေကတော့ ကိုဖြိုးရဲ့ နည်းအတိုင်း အလျင်အမြန်ဆောင်ရွက်နိုင်ပါတယ်။ ကိုယ့်သဘောနှင့်ကိုယ် format ချပြီး ၀င်းဒိုးပြန်သွင်းသည့်အခါတွင် ပျက်သွားမည့် ဖိုင်များအတွက်တော့ ဖျက်သူ မိမိကိုယ်တိုင်တွင်သာ တာဝန်ရှိမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။

Good Friday အကြိုရောက်လာတဲ့ ဗိုင်းရပ်စ်ကို တစ်ခါတည်း မေတ္တာပို့ပြီး Goodbye လုပ်လိုက်ပါတယ်..။

မြင်အပ် မမြင်အပ် အရပ်ရပ်မှဝင်လာ ဗိုင်းရပ်စ်သတ္တ၀ါ ကင်းကွာရန်ဘေး ရှင်းကြပါစေ.. ။